ရန်ကုန်၊ ဇူလိုင် (၁၀)
စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံရပြီးနောက် စစ်ကြောရေးမှာ ရဲဘော် V Jay သေဆုံးသွားပြီ ဖြစ်တယ်လို့ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ က ပြောပါတယ်။
ကျေးရွာက စာကြည့်တိုက်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အခုဇူလိုင်လ (၄) ရက်နေ့က သွားရောက်ယူဆောင်ချိန် လမ်းခရီးမှာ ရဲဘော် V Jay ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံပြီးနောက် စစ်ကြောရေးမှာပဲ သေဆုံးသွားပြီ ဖြစ်တယ်လို့ သူတို့အဖွဲ့က မနေ့က အသိပေးထားပါတယ်။
ရဲဘော် V Jay ဟာ ပြည်သူ့ဒီမိုကရက်တစ်တပ်မတော်ရဲ့ အမှတ် (၄) စခန်းမှာ တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်နေရသူ ဖြစ်ပါတယ်။
“ရဲဘော်၏ မြင့်မြတ်စွာကျဆုံးခဲ့ရမှုအား အချည်းနှီးမဖြစ်စေဘဲ ကျွန်ုပ်တို့ရဲဘော်များမှ ပြည်သူများအား မတရားဖိနှိပ်မှုများဖြင့် သက်ဆိုးရှည်နေသော စစ်အာဏာရှင်စန်အား အပြီးတိုင်ချုပ်ငြိမ်းသွားသည်အထိ ဆက်လက်တိုက်ပွဲဝင်သွား” မှာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။