Spread the love

ရန်ကုန်၊ ဇူလိုင် (၁၁)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့အခြေစိုက် စစ်သားစုဆောင်းရေးတပ် စ.ခ.တ (၁၀) ကို ဇူလိုင် (၉) ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ Danger Force LPDF ဆီက သိရပါတယ်။

“စစ်ကောင်စီ၏ ကတုတ်ကျင်း ကင်းတဲဘေးသို့ ကျရောက်ပြီး အထိအခိုက် အကျဆုံးများရှိသည်ဟု စောင့်ကြည့်ကင်းထောက်များထံမှ သိရ” တယ်လို့ သူတို့က ပြောပြပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေလည်း ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က စစ်သားစုဆောင်းရေးတပ် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်သားစုဆောင်းရေးတပ် စ.ခ.တ (၁၀) ကို ပြီးခဲ့တဲ့ ဇူလိုင် (၅) ရက်နေ့ကလည်း Danger Force LPDF က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *