Spread the love

ရန်ကုန်၊ ဇူလိုင် (၁၂)

အခု ဇူလိုင်လ (၆) ရက်ကနေ (၁၁) ရက် မနေ့ကအထိ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်းက အရပ်သားပြည်သူ (၂၀) ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ခလရ-၂၆၄ တပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် (၆) ရက်ကနေ (၉) ရက်နေ့အထိ ကျောက်မှော်ဘုရားကြီးကျေးရွာမှာ နေထိုင်တဲ့ ဦးကျော်ထွေး(၂၁)နှစ်၊ ဦးဇော်ဌေး(၄၃)နှစ်၊ ဦးစိုးလင်းဦး(၂၆)နှစ်၊ ဦးဇော်ခိုင်(၃၀)နှစ်၊ ဦးကျော်စွာဝင်း(၂၅)နှစ်၊ ဦးအေးမင်းစိုး(၂၂)နှစ်၊ ဦးဇော်နိုင်ထွေး(၂၁)နှစ်၊ ဦးရဲထွေး(၂၅)နှစ်၊ စောဘီထွေး(၄၄)နှစ်၊ စောကပေါ်ထူး(၂၃)နှစ်၊ စောရဲမြင်း(၂၅)နှစ်၊ ဦးအောင်ကိုမင်း(၂၃)နှစ်၊ စောဘဲနေထူး၊ ပဒဲကောကျေးရွာက ဦးထက်ထက်(၂၂)နှစ်၊ ဦးစိုးသူဝင်း(၃၆)နှစ်၊ ဗမာဝက်လာတောကျေးရွာက ဦးသန်းထွန်း(၅၃)နှစ်၊ ဒါးကုလားကျေးရွာက ဦးစိုင်းကို(၂၅)နှစ်၊ ဦးသန်းစိုးဦး(၂၈)နှစ်၊ ဦးကျော်ထက်လင်း(၂၉)နှစ် တို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူတွေကို ခလယ်လွီထူခရိုင်၊ ကျောက်တံခါးရဲစခန်းမှာ ချုပ်ထားပြီး ပဒဲကောကျေးရွာသား ဦးထက်ထက်(၂၂)နှစ် တစ်ယောက်ကိုသာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ မနေ့ကလည်း မူးမြို့နယ်၊ ရွာကြီးအင်းကျေးရွာက ဦးဇော်ဦး(၄၂)နှစ်ရဲ့ နေအိမ်အတွင်း ဝင်ရောက်ပြီး သူ့ကို ဖမ်းဆီးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *