Spread the love

ရန်ကုန်၊ ဇူလိုင် (၁၂)

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး လတ်ခတ်တောင်၊ တုံးတံတားဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ အခုလအတွင်းမှာပဲ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်စဉ်များအတွင်း မိမိတို့ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပြည်သူများပို့သသော မေတ္တာကြောင့် အထိခိုက်တစ်စုံတစ်ရာမရှိပါ။” ဘူးလို့ တိုက်ပွဲမှာပါဝင်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီနေ့မှာ ပြောပါတယ်။

စစ်ကောင်စီတပ်၊ သူရဲ့လက်အောက်ခံ BGF တပ်တွေနဲ့ တပ်မဟာ ၆ KNU/KNLA ပူးပေါင်းတပ်ဖွဲ့၊ ကော်ဘရာစစ်ကြောင်း (၁)၊ Federal Wings နဲ့ ကျားသစ်နက်စစ်ကြောင်းတို့ ပူးပေါင်း တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

မြဝတီမြို့အနီးက ကျောက်မိုင်းဒေသကို စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လ (၂၄) ရက်နေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ လူနေအိမ်တချို့ ပျက်စီးခဲ့သလို ရွာသား (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *