Spread the love

ရန်ကုန်၊ ဇူလိုင် (၁၃)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဇဟာရွာအနီးကို ဖြတ်သန်းသွားလာချိန် စစ်ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

တိုက်ခိုက်မှုကို မနေ့ နေ့လယ်က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အရာခံဗိုလ်တစ်ယောက်၊ တပ်ကြပ်ကျော်ကျော်ဦး အပါအဝင် (၃) ယောက်နေရာမှာပဲ သေဆုံးခဲ့ပြီး (၂) ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သူတို့က ပြောပြပါတယ်။

ကားမောင်းသူကို သေနတ်ထိမှန်ခဲ့လို့ စစ်ကားလမ်းဘေးကို ထိုးကျသွားပေမယ့် စစ်ကောင်စီဘက်က စစ်ကူတွေရှိနေလို့ PDF တွေဘက်က ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် အနီးအနားက ထန်းရည်ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံနှစ်ယောက်ကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်ကို ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကားတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာ မရှိသေးသလို ဒေသခံနှစ်ယောက်ကို သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း စစ်ကောင်စီဘက်က ပြန်လည် ဖြေရှင်းတာလည်း မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *