Spread the love

ရန်ကုန်၊ ဇူလိုင် (၁၃)

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာက အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင်ဖိုးလင်းနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို ရှင်းလင်းတော့မှာ ဖြစ်တယ်လို့ ရိုးမနဂါးအဖွဲ့က ပြောပါတယ်။

အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင်ဖိုးလင်းနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို အခုနှစ် မေလ (၈) ရက်နေ့က ပျူစောထီးအဖွဲ့တွေကို ထပ်မံဖွဲ့စည်းတာနဲ့ PDF အဖွဲ့တွေရဲ့အကြောင်းကို လိုက်လံစုံစမ်းတာတွေ မလုပ်ဖို့ သတိပေးခဲ့ပေးမယ့် လိုက်နာမှုမရှိတဲ့အတွက် သူတို့တွေကို ရှင်းလင်းတော့မှာ ဖြစ်တယ်လို့ မနေ့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး၊ ပျူစောထီးအဖွဲ့တွေနဲ့ မပတ်သတ်တဲ့ ဘော်ဘင်ကျေးရွာက ပြည်သူတွေအနေနဲ့ ကြိုတင်စစ်ဘေးရှောင်ထားကြဖို့ကိုလည်း သူတို့အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

အာဏာသိမ်းမှုဖြစ်ပြီးနောက် စစ်ကောင်စီနဲ့ ဆက်စပ်တဲ့သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေ့စဉ်ရှင်းလင်းနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *