Spread the love

ရန်ကုန်၊ ဇူလိုင် (၁၄)

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ်က ရိက္ခာပို့ဖို့ ထွက်လာတဲ့ စစ်ကားကို PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အရာခံဗိုလ်တစ်ယောက်၊ တပ်ကြပ်တစ်ယောက်၊ ဒုတပ်ကြပ်တစ်ယောက်နဲ့ ယာဉ်မောင်းတစ်ယောက် နေရာမှာပဲသေဆုံးခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ အမှတ်(၁၀၀၅)တပ်ရင်း (ရှမ်းတောင်)ဆီက သိရပါတယ်။

စစ်ကားကို ဇူလိုင် (၉) ရက် ညက တိုက်ခိုက်ခဲ့တာဖြစ်ပြီး MA 1မောင်းပြန်တစ်လက်၊ စက်လက်(ငါးကြင်းမြှီး) ၁လက် ၊ ၆၀မမ ဗုံးသီး ၁၆လုံး အပါအဝင် လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေနဲ့ Mobile Phone တစ်လုံး သိမ်းဆည်းရမိခဲ့တယ်လို့ သူတို့က ဒီနေ့မှာ ပြောပါတယ်။

“ရှမ်းတောင်မဟာမိတ်တပ်ပေါင်းစုများဖြစ်သော မိမိတို့ အမှတ် ၁၀၀၅တပ်ရင်း(ရှမ်းတောင်) အပါအဝင်၊ ၁၀၀၈တပ်ရင်း (SSRY)၊PDF Phekhon ၁၀၀၂တပ်ရင်း၊ SSLRU ၊ NPT (ပ.က.ဖ) နှင့် မဟာမိတ် KRU တို့ ပူးပေါင်းပါဝင်ထားသော စစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပါသည်။ မိမိတို့ပူးပေါင်းစစ်ကြောင်းမှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အောင်မြင်စွာဖြင့် ဆုတ်ခွာနိုင်ခဲ့” ပေမယ့် လုံခြုံရေးအခြေအနေတွေအရ ဒီနေ့မှ သတင်းထုတ်ပြန်နိုင်တာ ဖြစ်တယ်လို့ သူတို့က ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက လက်နက်ကိုင်တော်လှန်ခုခံဖို့ ရွေးချယ်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ အချိန်သိပ်ကြာနေလို့ မဖြစ်သလို လုပ်စရာရှိတာတွေကို အချိန်ကန့်သတ်ချက်နဲ့ မြန်မြန်ပြီးအောင် လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *