Spread the love

ရန်ကုန်၊ ဇူလိုင် (၁၄)

ချင်းပြည်နယ်၊ မင်းတပ်မြို့ဝင်ဂိတ်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ခလရ (၂၇၄) တပ်ဖွဲ့ဝင်တွေကို ဒီနေ့မနက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်က ဒီနေ့မှာ ပြောပါတယ်။

“ယမန်နေ့ နံနက် ၆:၀၀နာရီ အချိန်မှစတင်ကာ ၇:၃၀ထိ မင်းတပ်မြို့ ခလရ (၂၇၄) ရှိ မြို့ဝင်ဂိတ်ရှိ စကစ များနှင့် နံနက် ၁၀:၄၇ မှ ၁၁:၂၀ ထိ စစ်ဆေးရေးဂိတ်တစ်ခုရှိ စကစတို့ အားသွားရောက်တိုက်ခိုက်ခဲ့ပါ” တယ်လို့ သူတို့ဆီက သိရပါတယ်။

စစ်ရေးအခြေအနေအရ မင်းတပ်-ကံကြီး-ဆောလမ်းကို အသုံးမပြုဖို့နဲ့ ပြန်လည်အသုံးပြုနိုင်ပြီဆိုပါက ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ မနေ့ဇူလိုင် (၁၃) ရက်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *