Spread the love

ရန်ကုန်၊ ဇူလိုင် (၁၆)

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရက်ကျေးရွာမှာ ကင်းပုန်းဝပ်နေတဲ့
စစ်ကောင်စီအဖွဲ့ကို ဒီနေ့မနက်က တိုက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သေဆုံးသူတွေနဲ့ ဒဏ်ရာရှိသူတွေရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တောကျီးကန်းစစ်ကြောင်းဆီက သိရပါတယ်။

ဒီနေ့မနက် တိုက်ခိုက်မှုကို တောကျီးကန်းစစ်ကြောင်း နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သထုံ-ဘီးလင်း-ကျိုက်ထိုမြို့နယ်အတွင်းနဲ့ ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက် နေ့စဉ်တိုက်ပွဲတွေ ဖြစ်နေလို့ ရန်ကုန်-မော်လမြိုင် ကားလမ်း အသုံးပြုသူတွေ အနေနဲ့ သတိထားသွားလာကြဖို့ သူတို့အဖွဲ့က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *