Spread the love

ရန်ကုန်၊ ဇူလိုင် (၁၆)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ တိုင်းရင်းဆေးရုံဝင်းအတွင်းကို (၇၀၈) တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို မနေ့ နေ့လယ်က တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဆီက သိရပါတယ်။

“တိုင်းရင်းဆေးရုံဝင်းအတွင်းသို့ ဗုံးသီးချ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဆေးရုံဝင်းအတွင်းရှိ ရန်သူ့တပ် တပ်စွဲထားရာ နေရာသို့ တည့်တည့်ကျရောက်ပြီး ရန်သူ့တပ်သား (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့” တယ်လို့ သူတို့က ပြောပါတယ်။

မနေ့ ညနေကလည်း ဒီပဲယင်းမြို့၊ ဆရာစံရုပ်ထုမြောက်ဘက်က နေအိမ်တစ်လုံးထဲမှာ ဖဲစုရိုက်နေတဲ့ စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *