Spread the love

ရန်ကုန်၊ ဇူလိုင် (၁၆)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို ဒီနေ့ကစတင်ကာ ခရီးသွားလာခွင့်(ယာယီ) ပိတ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

“အသိပေးထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိပါက မိမိတို့တော်လှန်ရေးအင်အားစုများမှ တာဝန်ယူဖြေရှင်းမည် မဟုတ်” ဘူးလို့ သူတို့က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ မနေ့က ထုံခါ-မောတောင်လမ်းပေါ်မှာ တိုက်ပွဲဖြစ်နေလို့ အခုလို ခရီးသွားလာခွင့်(ယာယီ) ပိတ်သိမ်းလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံအဖွဲ့ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *