Spread the love

ရန်ကုန်၊ ဇူလိုင် (၁၈)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့က မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးနဲ့ ခုတ်ခွါးစစ်စခန်းကို ဇွန်လ (၁၁) ရက်ကစတင်ကာ မနေ့ကအထိ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ Federal Wings ဆီက သိရပါတယ်။

“နေ့စဉ် ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ခုတ်ခွါးစစ်စခန်းအပါအဝင် ကြာအင်းဆိပ်ကြီးမြို့ရှိ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးတို့ ကြေမွပျက်ဆီးပြီး ရန်သူစစ်ကောင်စီ လက်အောက်ခံတပ်သား (၁၀)ဦးခန့်သေဆုံးကာ (၂၀) ဦးထက်််မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့” တယ်လို့ သူတို့က ပြောပါတယ်။

တိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ -SOF၊ Cloud Wings ဒရုန်းတပ်ဖွဲ့နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း
PDF ပူးပေါင်းတပ်ဘက်ကလည်း ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *