Spread the love

ရန်ကုန်၊ ဇူလိုင် (၁၉)

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်အထိုင်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ဟာ မနေ့ နေ့လယ်က တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

“ထမ္မကောက်အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ(၃)နှင့် ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP ) ပကဖ တို့ ပူးပေါင်းပြီး Rocket (၃) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သည်။ ရန်သူ့တပ်မှ လက်နက်ကြီးလက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့” တယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့ မနက်ကလည်း ဆိပ်ဖြူမြို့နယ်၊ သပြေကျေးရွာ အနောက်ဘက်ကလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါလာတဲ့ ဂျစ်ကားကို တိုက်ခိုက်ခဲ့လို့ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

“ရန်သူ့အင်အား (၅) ဦးပါ ဂျစ်ကား(၁) စီးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၁)က ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား (၄) ဦးသေဆုံးပြီး (၁) ဦးထိခိုက်ဒဏ်ရာရရှိကာ ဂျစ်ကားမှာ သုံးမရအောင် ပျက်စီးသွားခဲ့” တယ်လို့ သူတို့က ပြောပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *