ရန်ကုန်၊ ဇူလိုင် (၁၉)
စစ်ကောင်စီနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း ရွှေဘိုခရိုင်အမှတ်(၁၄) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ခွဲ(၁) တပ်စု(၁) တပ်စုမှူး ရဲဘော်ချဲတွတ် သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
“ရဲဘော်ချဲတွတ် သည်နိုင်ငံနှင့်ပြည်သူ့အတွက် ရဲဝင့်စွာ တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့ပါသည်။ သို့ဖြစ်ပါ၍ ၎င်းတို့၏ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။” လို့ သူတို့အဖွဲ့က မနေ့က ပြောပါတယ်။