Spread the love

ရန်ကုန်၊ ဇူလိုင် (၂၁)

ချင်းပြည်ယန်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့အောက်ဘက်၊ မြတ်နိုးသူအကွေ့နားမှာ ဇူလိုင်လ (၁၉) ရက် မနက်က စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ ကန်ပက်လက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးတွေရှိခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ ကန်ပက်လက်က (၄) ယောက် ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။

“၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအစမှ ယနေ့အထိ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအား ရွပ်ရွပ်ချွံချွံတွန်းလှန်
နေသော ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး မိမိတို့ CDF-Kanpetlet ရေရှည်ရပ်တည်နိုင်ရေးနှင့် အကြမ်းဖက်စစ်ကောင်စီများအား အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် မိဘပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများ၊ ပံ့ပိုးကူညီမှုများ လိုအပ်နေ” တယ်လို့ သူတို့က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *