Spread the love

ရန်ကုန်၊ ဇူလိုင် (၂၁)

ကရင်ပြည်နယ်၊ မြ၀တီမြို့၊ လတ်ခတ်တောင်အနီး ဇူလိုင် (၁၈) ရက် မနက်ကဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခလရ(၈)က ဗိုလ်ကြီးတစ်ယောက်သေဆုံးခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကျားသစ်နက်စစ်ကြောင်းဆီက သိရပါတယ်။

“စစ်ကောင်စီဘက်က ခလရ (၈) ၊ ခမရ (၁၁၈) တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက် ခလရ(၈)မှ ဗိုလ်ကြီးတစ်ဦး‌ သေဆုံးပြီး ၊ ခမရ(၁၁၈) မှ အခြားအဆင့် (၅)ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် MA-3တစ်လက်နှင့် ဆက်စပ်လက်နက်ခဲယမ်းများ ၊ အသုံးဆောင်ပစ္စည်းများနှင့် ဖုန်းများသိမ်းဆည်း” ရမိခဲ့တယ်လို့ သူတို့က ပြောပါတယ်။

KNU/KNLA တပ်မဟာ၆ ၊ ကော်ဘရာစစ်ကြောင်း ( ၁) ၊ ကျားသစ်နက်စစ်ကြောင်း ၊ Federal Wings နဲ့ ကျားသစ်နက်စစ်ကြောင်း ဒရုန်းတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ကျားသစ်နက်စစ်ကြောင်းကလည်း ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *