Spread the love

ရန်ကုန်၊ ဇူလိုင် (၂၂)

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ စည်ပင်သာယာရပ်ကွက်၊ ရုံးပေါင်းစုံမှာ တပ်စွဲထားပြီး မနေ့ နေ့လယ်က အစည်းအဝေးထိုင်နေချိန် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ မြင်းခြံကျားနက်ဆီက သိရပါတယ်။

“တပ်စွဲနေထိုင်သော စကစတပ်သားများသည် ဖရဲသီးသတင်းပေးချက်အရ အစည်းအဝေးထိုင်နေသည်ဟု သတင်းအတိအကျရရှိသောကြောင့် (21.7.2023)ညနေ လေးနာရီခွဲ အချိန်ခန့်တွင် ကျွန်တော်တို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ၄၀မမဖြင့် နှစ်ချက် သွားရောက်ပစ်ခတ်ခဲ့ရာ စကစတပ်သားနှစ်ဦး အပြင်းအထန်ထိခိုက် Dဏ်ရာရရှိခဲ့” တယ်လို့ ဒီနေ့မနက်မှာ သူတို့က ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီနှစ်ယောက်ကို နှစ်ဦးအား ဖြူစင်(ပရဟိတ) က ရေစကြိုမြို့ ပြည်သူဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီအနေနဲ့ “ရေစကြိုမြို့ကို အုပ်ချုပ်ခွင့်မရစေရ” ဘူးလို့ မြင်းခြံကျားနက်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *