ရန်ကုန်၊ ဇူလိုင် (၁၈) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့က မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးနဲ့ ခုတ်ခွါးစစ်စခန်းကို ဇွန်လ (၁၁) ရက်ကစတင်ကာ မနေ့ကအထိ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ Federal Wings ဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇူလိုင် (၁၆) မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရက်ကျေးရွာမှာ ကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီအဖွဲ့ကို ဒီနေ့မနက်က တိုက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သေဆုံးသူတွေနဲ့ ဒဏ်ရာရှိသူတွေရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တောကျီးကန်းစစ်ကြောင်းဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇူလိုင် (၁၆) ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က စစ်ရေးလှုပ်ရှားမှုတွေ စတင်နေပြီဖြစ်တယ်လို့ ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊ ဇူလိုင် (၁၆) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို ဒီနေ့ကစတင်ကာ ခရီးသွားလာခွင့်(ယာယီ) ပိတ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇူလိုင် (၁၆) စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ တိုင်းရင်းဆေးရုံဝင်းအတွင်းကို (၇၀၈) တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို မနေ့ နေ့လယ်က တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇူလိုင် (၁၄) တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော်တွေ နောက်တန်းတစ်နေရာမှာ လက်ဝှေ့ထိုးပွဲ ပြုလုပ်ခဲ့တဲ့ မြင်ကွင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ဖော်ပြခဲ့ပါတယ်။

read more

ရန်ကုန်၊ ဇူလိုင် (၁၄) အာဏာသိမ်းစစ်တပ်က ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဇူလိုင် (၁၅) တပ်ရင်းတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအတွက် The Suppressor of the Evils လို့ နာမည်ဝှက်ပေးထားတဲ့ အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ယောက်က ငွေကျပ်သိန်းနှစ်ထောင်ကျော် လှူဒါန်း ထောက်ပံ့ပေးခဲ့တယ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ပြောပါတယ်။

read more

ရန်ကုန်၊ဇူလိုင်(၁၅) အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ (၅၆)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တာကို အာဏာသိမ်းစစ်ကောင်စီက ကန့်ကွက်ကြောင်း ပြန်လည်ထုတ်ပြန်ထားပါတယ်။

read more

ရန်ကုန်၊ ဇူလိုင် (၁၄) ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ်က ရိက္ခာပို့ဖို့ ထွက်လာတဲ့ စစ်ကားကို PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အရာခံဗိုလ်တစ်ယောက်၊ တပ်ကြပ်တစ်ယောက်၊ ဒုတပ်ကြပ်တစ်ယောက်နဲ့ ယာဉ်မောင်းတစ်ယောက် နေရာမှာပဲသေဆုံးခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ အမှတ်(၁၀၀၅)တပ်ရင်း (ရှမ်းတောင်)ဆီက သိရပါတယ်။

read more