Spread the love

ရန်ကုန်၊ ဩဂုတ် (၁၂)

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ မရမ်းကုန်းကျွေးရွာကို စစ်ကြောင်းထိုးဝင်ရောက် တပ်ဆွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မရမ်းကုန်းကျွေးရွာမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို အခုလ (၅) ရက်နေ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၁၀) ယောက်ထက်မနည်း သေဆုံးခဲ့သလို ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တောကျီးကန်းစစ်ကြောင်းက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ယောက်ဒဏ်ရာရရှိခဲ့ပြီး တောကျီးကန်းစစ်ကြောင်း၊ တပင်ရွှေထီးစစ်ကြောင်း နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“အကြမ်းဖက် စကစ စစ်တပ်သည် မွန်ပြည်နယ်၊ ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်များအတွင်းရှိ ကျေးရွာများသို့ ထိန်းချုပ်နိုင်ရန် အကြိမ်ကြိမ် စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးစားလျှက်ရှိသော်လဲ မိမိတို့ တော်လှန်ရေးတပ်များ ရွပ်ရွပ်ချွံချွံ တိုက်ခိုက် တုန့်ပြန်မှုများကြောင့် အကြမ်းဖက် စကစ စစ်တပ်သည်အကျအရှုံးများစွာဖြင့်သာ အကြိမ်ကြိမ် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ရပါသည်။” လို့ သူတို့က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *