Spread the love

ရန်ကုန်၊ ဩဂုတ် (၂၄)

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျောက်ကုန်းရွာကနေ ကင်းလှည့်ပြီးပြန်တဲ့ စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့တယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကပြောပါတယ်။

တောင်ညိုစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ ကျောက်ကုန်းရွာက ကင်းလှည့်ပြီး ဆိုင်ကယ် (၃) စီးနဲ့ပြန်ချိန်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေကို ဖမ်းဆီး၊ စစ်ဆေးတာတွေကို ဆက်လက်ပြုလုပ်ပါက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထပ်မံတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *