Spread the love

ရန်ကုန်၊ စက်တင်ဘာ (၇)

တနင်္သာရီတိုင်းဒေဩီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကော့မပျဉ်းကျေးရွာ၊ ပြည်ထောင်စုလမ်းမကြီးပေါ်က ဖြတ်သွားတဲ့ စစ်ကောင်စီရဲ့ စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မှိုင်းဆွဲတိုက်ခံရတဲ့ နေရာကို စစ်ကူဖို့ရောက်တာတဲ့ ခြေလျင်စစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ကားတစ်စီးကို ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားမှာ ပျက်စီးသွားပြီး ကားပေါ်ပါလာတဲ့ စစ်သား (၁) ယောက်သေဆုံးခဲ့ကာ သုံးယောက်ဒဏ်ရာရရှိခဲ့ပြီး ကားမှိုင်းဆွဲခံရတဲ့နေရာကို စစ်ကူဖို့ရောက်လာတဲ့ ခြေလျင်စစ်ကြောင်းကို နှစ်ကြိမ်တိတိ ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူ (၈) ယောက်ထက် မနည်းရှိခဲ့တယ်လို့
တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြီးခဲ့တဲ့ မိနစ်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။

မနေ့က တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးသူတွေထဲ ဗိုလ်ကြီးအဆင့်ရှိသူလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ စစ်ကောင်ရဲ့ရုံးတွေ၊ ဂိတ်တွေနဲ့ ထွေအုပ်ရုံးတွေ အနီးကို သွားလာနေထိုင်တာ မပြုလုပ်ဖို့ သူတို့က သတိပေးထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *