Spread the love

ရန်ကုန်၊စက်တင်ဘာ(၇)

စစ်ခေါင်းဆောင်တွေက အလုံခြုံဆုံးလို့ ထင်ထားတဲ့ နေပြည်တော်မှာ စစ်ဗိုလ်ချုပ်တွေအတွက် လုံခြုံမှုမရှိတော့ဘူးလို့ ခံစားရတဲ့အထိ PDF တွေက စွမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ NUG ယာယီသမ္မတကြီး ကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ခုခံတော်လှန်စစ်ကြေငြာခြင်း (၂) နှစ်ပြည့်အဖြစ် ယာယီသမ္မတ ဒူဝါလရှီးလ က နိုင်ငံတော်အခြေပြုမိန့်ခွန်းပြောချိန်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ပြည်သူတွေရဲ့တော်လှန်ရေးဟာ စစ်ရေး၊ နိုင်ငံရေး၊ ပြည်သူပါဝင်ရေးတွေမှာ အောင်မြင်နေပြီဆိုတာ ပြည်သူတွေအားလုံးအသိပဲ ဖြစ်ပါတယ်၊ နွေဦးတော်လှန်ရေးကို ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာနဲ့ စတင်ခဲ့တာဖြစ်ပေမယ့် အကြမ်းဖက်စစ်တပ်က ပြည်သူလူထုအပေါ် ရက်စက်စွာ ဖိနှိပ်သတ်ဖြတ်ခဲ့လို့ ရရာလက်နက်ဆွဲကိုင်ပြီး ခုခံတော်လှန်နေတဲ့အဆင့်ကို ကူးပြောင်းလာတာ ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

စစ်ဗိုလ်ချုပ်တွေက အလုံခြုံဆုံးလို့ မှတ်ယူထားတဲ့ နေပြည်တော်လည်း သူတို့အတွက် လုံခြုံမှုမရှိတော့ဘူးဆိုတာကို ခံစားရလာအောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စွမ်းဆောင်နိုင်ခဲ့ပြီး မကြာခင်အပြီးသတ် ခြေမှုန်းနိုင်တော့မှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကူညီဖေးမမှုကြောင့် နွေဦးတော်လှန်ရေးဟာ မြန်မြန်ဆန်ဆန် ခရီးရောက် အောင်မြင်လာတာ ဖြစ်တယ်လို့ ယာယီသမ္မတကြီး ဒူဝါလရှီးလက ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *