Spread the love
Video- SOG

ရန်ကုန်၊စက်တင်ဘာ(၂၁)

ထိုင်း-မြန်မာနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ရေတလျောက်စခန်းကို KNLA တပ်ရင်း (၁၈) နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်း ဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲကို အခုလ(၁၄)ရက်နေ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာမြင့်ချိန် မိနစ်(၃၀) အတွင်းမှာ စခန်းတစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား(၉)ယောက် သေဆုံးခဲ့သလို စခန်းစွန့်ခွာထွက်ပြေးသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ရေတလျောက်စခန်းကို KNLA တပ်ရင်း (၁၈) ၊ Special Operation Group(SOG)တပ်ဖွဲ့ ၊ ဧရာဝတီအင်အားစု တပ်စု ၊ Dawna Phoenix Drone Team နဲ့ Tiger Dragon Revolution Force တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *