Spread the love

ရန်ကုန်၊ စက်တင်ဘာ (၂၇)

စစ်ကောင်စီဟာ အခုချိန်မှာ သူတို့ရဲ့ စစ်စခန်း (၆၀) ကျော်ကို ဆုံးရှုံးနေပြီ ဖြစ်တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် KPSN ကထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ တပ်ပေါင်းစုတွေဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လကို ရောက်တဲ့အချိန်မှာ စုစုပေါင်း စစ်ကောင်စီရဲ့ စစ်စခန်း (၆၂) ခုကို သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်တာတွေကို ပြုလုပ်နေပေမယ့် သူတို့ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်တာ မဟုတ်ဘူးလို့ မနေ့က သုတေသနစာတမ်းမှာ KPSN ကထောက်ပြထားပါတယ်။

စစ်အုပ်စုရဲ့ ရန်ကုန်နဲ့ နေပြည်တော်အကြားက သယ်ယူပို့ဆောင်ရေးတွေကိုလည်း KNLA နဲ့ တပ်ပေါင်းစုတွေက တိုက်ရိုက် ခြိမ်းခြောက်လာနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *