Spread the love

ရန်ကုန်၊ စက်တင်ဘာ (၃၀)

မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေက ပြောပြလို့ မရအောင် ဆိုးရွားပြီး ကြေကွဲဖွယ်ကောင်းတဲ့ အခြေအနေတွေကို အပြီးတိုင် ရပ်တန့်ဖို့ ထိရောက်ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ လိုတယ်လို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ကို ဦးကျော်မိုးထွန်းက အောက်တိုဘာ (၂၈) ရက်နေ့က အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြည်သူတွေအပေါ် စစ်မက်ပြုနေလို့ ပြည်သူအများစုဟာ ရင်နင့်ဖွယ် အခြေအနေတွေကို ဒီနေ့အထိ နေ့စဉ် ရင်ဆိုင်နေရတယ်၊ လူမှုရေးဘဝ သာယာဝပြောမှုကလည်း လုံးဝဥဿုံ ပျက်စီးနေတယ် အရင်က ရရှိခဲ့တဲ့ တိုးတက်မှု အားလုံးဟာ ပြောင်းပြန် အခြေအနေကို ရောက်ရှိနေပြီ လို့ သူက ထောက်ပြပါတယ်။

အခုချိန်မှာ မြန်မာပြည်ရဲ့ လူဦးရေ တစ်ဝက်နီးပါးဟာ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ပြည်သူတွေဟာ အကြောက်တရားနဲ့ နေထိုင်နေရတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *