Spread the love

ရန်ကုန်၊ အောက်တိုဘာ (၁၃)

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ တပ်မ (၂၂) လက်အောက်ခံ (၂၀၁) တပ်ရင်းက အယောက် (၂၀) ဂိတ်ထိုင်ပြီး ပြည်သူတွေဆီက ဆပ်ကြေးကောက်နေတဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၃) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးပစ်မှတ် အတိအကျ သတ်မှတ်ပြီး အောက်တိုဘာ (၁၁) နေ့လယ်က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်လို့ စစ်ကောင်စီဘက်က (၃) ယောက်သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဒေါနစစ်ကြောင်း ကပြောပါတယ်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) ၊ ဒေါနစစ်ကြောင်း နဲ့ KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီးတွေ၊ စစ်လက်နက်တွေ၊ လက်နက်ငယ်တွေနဲ့ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *