Spread the love

ရန်ကုန်၊အောက်တိုဘာ(၂၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ အုန်းတောကျေးရွာမှာရှိတဲ့ အမှတ် ၆၀၀၅ တင့်ကားတပ်နဲ့ ညောင်ငုတ်တို ပျူစောထီးကျေးရွာကို မနေ့ (အောက်တိုဘာ၂ရ)ရက်က ဗုံးသီး(၆)လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Phoenix-Sagaing ဆီကသိရပါတယ်။

ပစ်မှတ်အားလုံးကို ထိမှန်ခဲ့လို့ စစ်ကောင်စီအဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြန်လည် ပစ်ခတ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့က ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် အင်အား(၂၀)လောက်ပါတဲ့ စစ်ကောင်စီအဖွဲ့ဟာ အနီးအနားက ကျေးရွာတွေကို ကင်းလှည့်ခဲ့ပြီး ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ Phoenix-Sagaing ကအသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *