Spread the love

ရန်ကုန်၊အောက်တိုဘာ(၂၉)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို ဒီနေ့(အောက်တိုဘာ၂၉)ရက် မနက်(၄)နာရီကျော်အချိန်မှာ ကိုးကန့် MNDAA က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား(၃)ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မနက်က (၄)နာရီကျော်အချိန်မှာ ၁၀၂၇ စစ်ဆင်ရေး တတိယနေ့အဖြစ် သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အချိန်(၂)နာရီကျော်အတွင်း စစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သလို စစ်သား(၃)ယောက်ကိုလည်း အရှင်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့မှာ ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်က ကျန်ရှိနေတဲ့ စစ်စခန်းတွေကို တစ်ခုမကျန် ရှင်းလင်းခဲ့ပြီးဖြစ်သလို စစ်ကောင်စီလေယာဉ်က လေထီးနဲ့ ချပေးသွားတဲ့ စစ်အသုံးအဆောင်ပစ္စည်း၊ ရိက္ခာထုပ် ၁၀ ထုပ်ကိုလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *