Spread the love

ရန်ကုန်၊အောက်တိုဘာ(၂၉)

ပြည်သူလူထု ထိတ်လန့်စေဖို့ ကြံရွယ်ပြီး မမှန်သတင်းတွေ ဖြန့်ဝေတာ အစိုးရဝန်ထမ်းတွေ ပြစ်မှုကျူးလွန်လာစေဖို့ ရည်ရွယ်လှုံဆော်တာတွေ လုပ်ခဲ့တယ်ဆိုပြီး မနေ့ကညပိုင်းမှာ ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်သူ ဦးရဲထွဋ် ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

သူနေထိုင်တဲ့ အလုံမြို့နယ် စောရန်ပိုင် အရှေ့ရပ်ကွက် မင်းရဲကျော်စွာလမ်း Hill Top Vista Tower B အမှတ်(၁၁)၊ အခန်း(၁၂၀၆) မှာ လာရောက်ဖမ်းဆီးခဲ့ပြီး အလုံမြို့မရဲစခန်းက (ပ)၂၁၆/၂၀၂၃ ရာဇသတ်ကြီး ပုဒ်မ၅၀၅(က)နဲ့ အမှုဖွင့်ကာ ရမန်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။

ဦးရဲထွဋ်က ” မိုးနတ်မင်းက မစရင်သာ လူရွေးတာပါ ဒုက္ခရောက်အောင်လုပ်ရင်တော့ အစိမ်းအကျက်မရွေး လူအားလုံးစိတ်ညစ်အောင်၊ မူးအောင်မော်အောင် လုပ်နိုင်ပါတယ်၊ အခု မင်းတောင် အော်နေရပြီ မဟုတ်လား၊ အရင်းအနှီးမရှိပဲ လုပ်ပိုင်ခွင့်ကို ရင်းပြီး အမြတ်ကြီးစားသွားတဲ့ မဟာဝိသမလောဘသားတွေက သူတိုထက် ပိုဆိုးပါတယ်” လို့ သူရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ဦးရဲထွဋ် ဟာ အရင်က မြန်မာတပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ သမ္မတ ဦးသိန်းစိန် ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *