Spread the love

ရန်ကုန်၊အောက်တိုဘာ(၂၉)

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF) နဲ့ တအာင်းတပ်မတော်(TNLA) တပ်တွေ ပူးပေါင်းပြီး ဒီနေ့မနက်အစောပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို သွားရောက် တိုက်ခိုက်ခဲ့လို့ စစ်သား(၆)ယောက် သေဆုံးပြီး သေနတ်(၇)လက် သိမ်းဆည်းရရှိခဲ့တယ်လို့ တအာင်းတပ်မတော် ဆီကသိရပါတယ်။

ဒီနေ့(အောက်တိုဘာ ၂၉ရက်) မနက် ၄နာရီမှာ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာ မြို့အဝင်က ၁၁၄၊ ၁၁၅ တပ်တွေကို သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်သားအလောင်း (၆)လောင်း၊ လက်နက် (၇)လက်၊ 60 MM မော်တာ (၁)လုံး၊ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA) ကအသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *