Spread the love

ရန်ကုန်၊အောက်တိုဘာ(၃၀)

အောက်တိုဘာ(၂၇)ရက်နေ့မှာ ညီနောင်မဟာမိတ် (၃)ဖွဲ့က ၁၀၂၇စစ်ဆင်ရေး (1027 Operation) အမည်နဲ့ စတင်ခဲ့တဲ့ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြတဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံး အပါအဝင် အဖွဲ့အစည်းအသီးသီး လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီကို ကျေးဇူးတင်ကြောင်း မနေ့က ရက်စွဲနဲ့ ထုတ်ပြန်အသိပေးထားပါတယ်။

ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) အဖွဲ့တွေပါဝင်တဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ(၂၇)ရက်နေ့ကစပြီး ၁၀၂၇စစ်ဆင်ရေး (1027 Operation) အမည်နဲ့စစ်ဆင်ရေး ဖော်ဆောင်ကာ စစ်ကောင်စီအဖွဲ့ကို စတင်တိုက်ခိုက်ခဲ့တာပါ။

ညီနောင်မဟာမိတ် (၃)ဖွဲ့အနေနဲ့ ရည်မှန်းထားတဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တွေအပြင် မြန်မာပြည်သူလူထုတွေ လိုလားတဲ့ ဆန္ဒ၊ မျှော်မှန်းချက်တွေကို အပြည့်အဝရတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ဆင်ရေးအောင်မြင်ဖို့အတွက် ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ဝန်းရံပံ့ပိုးမှုတွေဟာ အလွန်အရေးကြီးပြီး အခုစစ်ဆင်ရေးမပြီးမချင်း ညီနောင်မဟာမိတ် (၃)ဖွဲ့အတွက် ဆက်လက် လိုအပ်နေမှာ ဖြစ်ပါတယ်။

၁၀၂၇စစ်ဆင်ရေးကို အထောက်အပံ့ အကူအညီဖြစ်စေတဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး အကူအညီဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်ပူးပေါင်း ပါဝင်ကြဖို့ ညီနောင်မဟာမိတ် (၃)ဖွဲ့က လေးလေးနက်နက် တိုက်တွန်းထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *