Spread the love

ရန်ကုန်၊နိုဝင်ဘာ(၁၉)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်နှစ်ခွစခန်းကို စစ်ကူပေးဖို့ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ BGF ပူးပေါင်းအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က စစ်ဗိုလ်အပါအဝင် (၁၁)ယောက်သေပြီး (၄)ယောက်အရှင် ဖမ်းမိခဲ့တယ်လို့ နဂါးနီစစ်ကြောင်း ဆီကသိရပါတယ်။

အခုလ(၂၇)ရက်နေ့က စစ်ကောင်စီ တပ်မ ၂၂ ၊ တပ်မ ၄၄ နဲ့နယ်ခြားစောင့်တပ်ဖွဲ့(BGF) ပူးပေါင်းစစ်ကြောင်းကို နဂါးနီစစ်ကြောင်း၊ Federal Wings တပ်ဖွဲ့ နဲ့ KNLA တပ်ရင်း ၁၆ က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့် (၁)ယောက်၊ BGF နယ်ခြားစောင့်တပ် တပ်နယ် ၄ စစ်ကြောင်းမှူး ဗိုလ်မှူးနော်တယာ အပါအဝင် စစ်သား(၁၁)ယောက်သေဆုံးပြီး လက်နက်(၁၅)လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်သား(၄)ယောက် လက်နက်ချ အညံ့ခံခဲ့လို့ စစ်သုံးပန်းဥပဒေနဲ့အညီ လက်ခံစောင့်ရှောက်ထားတယ်လို့ နဂါးနီစစ်ကြောင်း ကအသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *