Spread the love

ရန်ကုန်၊ဒီဇင်ဘာ(၁)

ဦးသိန်းညွန့် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ရဲ့ ဥက္ကဌ ဦးသန်းထွန်း ဒီနေ့မနက်ပိုင်းမှာ သေနတ်ပစ်ခံရလို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီနေ့မနက် ငါးနာရီကျော်က သဃ်န်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ အပိုင်း (၃)၊ (၃) လမ်း၊ အမှတ် (၆၂၉)ရှိ “မကြီး” မိတ္တူဆိုင်မှာ အပစ်ခံရတာ၊ ကျည်လေးချက်ထိမှန်ပီး သေတယ်။ မြောက်ဥက္ကလာ မေဓါဝီဆေးရုံကိုပို့တာ မရဘူး လမ်းမှာတင်သေတာ” လို့ အမျိုးသားဒီမိုကရေစီပါတီသစ် နဲ့နီးစပ်သူတစ်ယောက် C8News ကိုပြောပါတယ်။

အမျိုးသားဒီမိုကရေစီပါတီသစ် ရဲ့ဥက္ကဌ ဦးသန်းထွန်း ဟာ သင်္ဃန်းကျွန်းက တစ်သီးပုဂ္ဂလ လွှတ်တော်အမတ် ဦးသိန်းညွန့် ဦးဆောင်ခဲ့တဲ့ အဲ့ဒီပါတီမှာ ဦးသိန်းညွန့်ကို စစ်ကောင်စီက နေရာပေးခဲ့တဲ့နောက်မှာ ပါတီရဲ့ ဥက္ကဌ ဖြစ်လာသူပါ။

ဒီနေ့ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *