Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၂)

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၈) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနဲ့ ၄၁ လမ်းထိပ်မှာ ငွေသိန်းတစ်ထောင်ကျော် လုယက်ဓါးပြတိုက်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေက C8 News ကို ပြောပါတယ်။

လှိုင်မြို့နယ်မှာ နေထိုင်တဲ့ ဦးခင်မောင်ဝင်း ဟာ မနေ့ နေ့လယ်က မဟာဗန္ဓုလလမ်းနဲ့ ၄၁ လမ်းထိပ်မှာရှိနေချိန် မဟာဗန္ဓုလလမ်းအတိုင်း AA-2379(အဖြူရောင်)အငှားယာဉ်နှစ်စီးပေါ်ကနေ အမျိုးသားတချို့ ဆင်းလာပြီးနောက် သေနတ်ပြခြိမ်းခြောက်ပြီး ကျပ်သိန်းတစ်ထောင်ကျော်ကို လုယက်သွားခဲ့တာ ဖြစ်ပါတယ်။

ငွေကျပ်သိန်းတစ်ထောင်ကျော်ကို လုယက်ချိန်မှာ ဦးခင်မောင်ဝင်းနဲ့ အတူပါလာတဲ့ အမျိုးသားတစ်ယောက်ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဦးခင်မောင်ဝင်းနဲ့ အမျိုးသားတစ်ယောက်ကို ဒဂုံတောင်မြို့နယ်အတွင်းမှာ ပြန်လည်လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းအတွင်း လုယက်မှုနဲ့ ဓါးပြမှုတွေကို မကြာခဏ ဖြစ်လေ့ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *