Spread the love

ကိုးကန့်၊ဒီဇင်ဘာ(၂)

MNDAA က စစ်ကောင်စီရဲ့ ကုန်းကြမ်းစခန်း ကို သိမ်းပိုက်နိုင်ခဲ့ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၁၂၅) ၊ စကခ(၁၂ ၊ ၁၆) က တပ်ဖွဲ့ဝင်တချို့ လက်နက်ချအလင်းဝင်လာခဲ့သလို စကခ(၁၆)မှူးအပါအဝင် အကြွင်းအကျန်အဖွဲ့ဝင်တချို့က ထွက်ပြေးသွားတဲ့အတွက် လိုက်လံ ရှင်းလင်းချိန် စစ်သား(၁၀၀)နီးပါးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကုန်းကြမ်းစခန်း ကိုနိုဝင်ဘာ(၂၈)ရက်နေ့က သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာ(၃၀)ရက်နေ့မှာ ရှီရှမ်းဒေသ ရှောက်ကိုင်အုပ်စု ၊ ဝကြည်ကျိုင့်ရွာ နဲ့ စူကြာကျိုင့်ရွာကြားရှိ တောင်ကုန်းမှာ ပုန်းအောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁ ရက် မနက်က MNDAA ဟာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန် စစ်ကောင်စီဘက်က စစ်သားအလောင်း (၂၀) တွေ့ရှိရသလို ညနေပိုင်းမှာ MNDAA ကထပ်ပြီးတိုက်ခိုက်ခဲ့တာကြောင့် စစ်သားအလောင်း(၇၀)နဲ့အတူ စစ်သုံးပန်းအရှင် (၄)ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကုန်းကြမ်းစခန်းထဲကနေ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီး ထွက်ပြေးနေတဲ့ စစ်ကောင်စီ အကြွင်းအကျန်အဖွဲ့တွေကို ဆက်လက်ရှင်းလင်းသွားမယ်လို့ MNDAA က အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *