Spread the love

ရန်ကုန်၊ဒီဇင်ဘာ(၈)

မြန်မာနိုင်ငံအတွင်း စက်သုံးဆီ အကျပ်အတည်းဖြစ်နေချိန်မှာ ဒီနေ့တစ်ရက်ထဲမှာပဲ ဆီသယ်ယာဉ် (၂)စီးတိမ်းမှောက်ခဲ့ပြီး (၁)စီးမီးလောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့(ဒီဇင်ဘာ ၈ )ရက် မနက် ၈ နာရီကျော်က မန္တလေးတိုင်း ကျောက်ဆည်မြို့ မြို့ရှောင်လမ်းမှာ ဆီ‌သယ်ယာဉ် တစ်စီးမီးလောင်မှုဖြစ်ခဲ့လို့ တစ်နာရီခွဲကျော်ကြာ မီးငြိမ်းသတ်ခဲ့ရသလို ၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာအုပ်စု၊ နန်းတော်ကုန်းကျေးရွာအနီးက ပဲခူးမြို့ရှောင်လမ်း မိုင်တိုင်အမှတ် ၃၃/ ၄ မှာ ဆီသယ်ယာဉ်တစ်စီးတိမ်းမှောက်လို့ မီးလောင်မှုမဖြစ်အောင် ဆောင်ရွက်နေရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

စစ်ကောင်စီက ပြည်တွင်းမှာ စက်သုံးဆီတွေ အလုံအလောက်ရှိတယ်လို့ မကြာခဏပြောနေပေမယ့် လက်ရှိအချိန်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လိုမြို့ကြီးတွေမှာ စက်သုံးဆီရရှိဖို့ နာရီပေါင်းများစွာ စောင့်ဆိုင်းနေရပြီး ပြင်ပမှောင်ခိုဈေးကွက်မှာ စစ်သုံးဆီ တစ်လီတာ ငွေကျပ်ခုနှစ်ထောင်အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *