Spread the love

ရခိုင်၊ဒီဇင်ဘာ (၈)

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူကို လက်နက်ပြပြီး နည်းမျိုးစုံနဲ့ ဖမ်းဆီး ငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပိုက်ဆံရှိတဲ့သူကျတော့ အေအေ ကို ထောက်ပံ့တယ်၊ မရှိတဲ့သူကျတော့ ဆက်သွယ်တယ်ဆိုတဲ့ ပုဒ်မတွေတပ်ဖမ်းတယ်။ မပေးနိုင်တဲ့သူတွေကို ညှင်းဆဲတယ်။ ပေးနိုင်တဲ့သူအချို့တော့ ပြန်လွတ်လာတယ်” လို့ ငပလီမြို့ ဂျိတ်တောရပ်ကွက်က ဒေသခံတစ်ယောက်က ပြောသည်။

ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့ ဂျိတ်တောရပ်ကွက်မှာ နိုဝင်ဘာ ၁၄ ရက်ကစတင်ကာ စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူကို အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးနေတာ လက်ရှိအချိန်မှာ ဖမ်းဆီးခံရသူ တစ်ရာကျော်ရှိနေပြီး ညအချိန်မှာလည်း ပေါ်တာဆွဲတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

မနေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့က သဇင်ရွှေအပေါင်ဆိုင်ရှင် ဦးအေချမ်း နဲ့ ဆိုင်ကယ် ကယ်ရီမောင်းသူ ဦးအောင်ကိုကို ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သလို အမ်းမြို့နယ်က မနီလာအောင် ကိုလည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ကာ လူမှုကွန်ယက်စာမျက်နှာမှာ လှုံ့ဆော် ဝါဒဖြန့်နေတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့ပါတယ်။

စစ်တွေက မစောခင်အေး နဲ့ ကိုကျော်နိုင်လင်း တို့ကိုဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားပြီး ရခိုင်ပြည်နယ် တခြားမြို့တွေက ပြည်သူတချို့ကိုလည်း ဖမ်းဆီး ချုပ်နှောင်ထားတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *