Spread the love

ရန်ကုန်၊ဒီဇင်ဘာလ(၉)

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမှာရှိတဲ့ ရွှေထွဋ်တင်ဝင်းအတွင်း Hexagon Complex ဂီတဖျော်ဖြေပွဲ ကျင်းပဖို့ လုပ်နေချိန် ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow ကသတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၉ ရက် နေ့လယ် ၂ နာရီ ၅၉ မိနစ်အချိန်က Hexagon Complex မှာ ပြုလုပ်တဲ့ Waterzonic ပွဲကို Dark Shadow တပ်ဖွဲ့နဲ့ မဟာမိတ် GOD/ မြို့ပြ တော်လှန်ရေး အင်အားစုတို့က ပူးပေါင်းပြီး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီပွဲကို စစ်တပ်ဒေါက်တိုင် ခေတ်ပျက်သူဌေးတွေက ဦးဆောင်ကျင်းပပြီး လူငယ်တွေကို မူးယစ်ဆေးဝါး ရောင်းချနေသလို တိုင်းပြည်အေးချမ်းသယောင် ကျင်းပပြုလုပ်နေတယ်လို့ ဖရဲသီးကအတွင်းသတင်း ပေးခဲ့တာကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

“တာမွေလေးရပ်ကွက် ရွှေထွဋ်တင်ကွင်းမှာ ဗုံးပေါက်တာဟုတ်ပါတယ်။ Waterzonic EDM ပွဲအတွက် လူတွေစဝင်နေတဲ့အချိန်မှာ ပေါက်တာ။အစောပိုင်းအချိန်ပေါက်တော့ လူထိခိုက်မှုမရှိဘူးကြားတယ်” လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

မနေ့ဒီဇင်ဘာ ၈ ရက်နေ့ ညကလည်း တာမွေမြို့နယ် သီတာလမ်းထိပ်မှာ ဆန္ဒဖော်ထုတ်ချိန် ကျဆုံးခဲ့တဲ့လူငယ် ၂ ယောက်ကိုလည်း အလေးနီပြု ဦးညွတ်တဲ့အကြောင်းကိုလည်း Dark Shadow အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *