Spread the love

အာဏာသိမ်းဖြစ်စဉ် နောက်ဆက်တွဲအနေနဲ့ ပေါ်ပေါက်လာတဲ့ ခုခံတော်လှန်စစ်အားကောင်းလာချိန်မှာ ဘယ်နေရာမှာမှ လုံခြုံမှုမရှိတော့ဘူးလို့ သိလာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟာ သွားလေရာနေရာတွေမှာ ပစ္စတိုခါးကြားထိုးပြီး သွားလာနေရတဲ့ဓါတ်ပုံတွေ လူမှုကွန်ယက်မှာ တွေ့မြင်လာရပါတယ်။

မနေ့(ဒီဇင်ဘာ၁၀)ရက်က ရှမ်းပြည်နယ်၊ လားရှိုးမြို့ကို ရောက်ရှိနေချိန် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် နဲ့ လားရှိုးဆေးရုံကို သွားရောက်ချိန်မှာ ပစ္စတို ခါးကြားထိုး သွားလာနေတာကို တွေ့မြင်ခဲ့ရတာပါ။

“အရင်ကတော့ စစ်ဆင်ရေးတွေ ဘာတွေမှပဲ ပစ္စတိုကို ဆောင့်လေ့ရှိတာ အခုကတော့ စိတ်လုံခြုံမှု မရှိလို့ စောင့်တယ်လို့ပဲ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ သူ ဖြုတ်ထုတ်သတ် လုပ်ထားတဲ့ သူတွေကလည်း အများကြီးပဲလေ။ အဲ့တော့ လိပ်ပြာမလုံလို့ ထိုးတယ်တယ်လို့မြင်တယ်။ သူမူမမှန်တာပေါ့။ အဲ့တော့ သူလုံခြုံရေးကိုလည်း စိတ်မချလို့ပါပေါ့” လို့ CDM အုပ်ခွဲတပ်ကြပ်ကြီး နေဝင်းအောင် က C8News ကိုပြောပါတယ်။

အရေးကြီးစစ်ဆင်ရေး ကာလတွေမှာဘဲ လက်နက်ကိုင်ဆောင်တတ်တဲ့ စစ်ခေါင်းဆောင်ဟာ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တ ပုညနန္ဒ ကိုသွားရောက်ဖူးမျှော်ချိန်မှာ ပစ္စတိုသေနတ်ကို ခါးကြားမှာထိုးထားတာဟာ မင်းအောင်လှိုင် ရဲ့စိတ်ထဲမှာ ဘယ်သူ့ကိုမှလည်း မယုံကြည်တော့သလို သူ့လုံခြုံရေးအတွက် ကြောက်ရွံ့နေပုံရတယ်လို့ CDM အုပ်ခွဲတပ်ကြပ်ကြီး ကပြောပါတယ်။

အဲ့ဒီလို့ လာရှိုးဆေးရုံမှာလည်း တက်ရောက်ကုသနေတဲ့ လူနာတွေကို သွားရောက်ကြည့်ရှု့ချိန်မှာလည်း ပစ္စတိုသေနတ်ကို ခါးကြားမှာထိုးထားခဲ့တာပါ။

၂၀၂၁ ခုနှစ် ကစပြီး ၂၀၂၃ ခုနှစ် အထိ နိုင်ငံတစ်ခုလုံးကို စိတ်ကြိုစီမံခန့်ခွဲ ကြိုးကိုင်ခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ ၂၀၂၃ နှစ်ကုန်ပိုင်းရောက်ချိန်မှာတော့ အခြေအနေတွေဟာ ထိန်းလို့ မရနိုင်တော့ဘူးဆိုတာ မင်းအောင်လှိုင်အနေနဲ့ သိမြင်လာခဲ့ပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *