Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၁၆)

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

မနေ့ မနက်က စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကွင်းစမ်းသချိုင်းကုန်းကိုအရောက်မှာ တစ်ကြိမ်၊ ကွင်းစိမ်းရွာအရှေ့ဘက်ကို အရောက်မှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က (၆) ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ အခုအချိန်မှာ နတ်တလင်းမြို့အရှေ့ဘက်က ပဲခူးရိုးမအတွင်းကို အဆက်မပြတ်စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်အုပ်စုတွေကို ရှောင်ရှားပြီး သတိထားသွားလာကြဖို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးပြောကြားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *