Spread the love

မြောက်ဦး၊ ဒီဇင်ဘာ (၂၆)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ရခိုင့်သမိုင်းဝင်အမွေအနှစ်တွေနဲ့ ရိုးရာယဉ်ကျေးမှုလက်ရာတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ကို လုပ်သင့်လုပ်ထိုက်တာတွေကို ထိထိ ရောက်ရောက် တုံ့ပြန်လုပ်ဆောင်သွားမယ်လို့ ရက္ခိုင့်တပ်တော် က သတိပေးလိုက်ပါတယ်။

“ရခိုင်တို့ရဲ့ နှလုံးသားတည့်တည့်ကို ချိန်ပစ်တဲ့ စစ်ကောင်စီရဲ့ လက်ဆောင်အတွက် ငါတို့ဖက်ကလည်း သိက္ခာမကျအောင် နှစ်သစ်ကူးလက်ဆောင် ပြန်ပေးသင့်ပါတယ်” လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်း ကပြောပါတယ်။

စစ်ကောင်စီရဲ့ စကခ (၉) လက်အောက်ခံ မြောက်ဦးအခြေစိုက် တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၄၀)၊ ခမရ (၃၇၇)၊ ခမရ (၃၇၈) တပ်ရင်းတွေနဲ့ အမှတ် (၃၁) ရဲတပ်ရင်းတွေက မြောက်ဦးမြို့က ရှေးဟောင်းသုတေသနပြတိုက်၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ သာသနိကအဆောက်အအုံတွေကို ဒီဇင်ဘာလ ၂၅ ရက် မနက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အဆောက်အုံ အားလုံး ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဘုရားကျောင်းကန်၊ စေတီပုထိုး၊ ရှေးဟောင်း သမိုင်းဝင် အမွေအနှစ်တွေကိုလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးတာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဖျက်ဆီးတာတွေလည်း ပြုလုပ်လေ့ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *