Spread the love

စစ်ကိုင်း၊ ဒီဇင်ဘာ (၂၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မာလဲကျေးရွာက စစ်ကောင်စီရဲ့ ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ မီးလျှံဌက်(စစ်ကိုင်း) က C8 News ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံတွေ နှစ်နှစ်ကျော်ကြာ စခန်းချနေတဲ့ မာလဲကျေးရွာက ပြည်သူ့စစ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

စစ်ကောင်စီတပ်တွေက ပြန်လည်ခုခံခြင်းမရှိဘဲ စွန့်ခွာ ထွက်ပြေးသွားတဲ့ ပြည်သူ့စစ်စခန်းကို PDF တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းချိန် ဘန်ကာ (၁၆) ခုနဲ့ ဗုံးခိုကျင်း (၆) ခုကို ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်ခင်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *