Spread the love

ချင်း၊ ဒီဇင်ဘာ (၃၁)

ချင်းပြည်နယ်နဲ့ ချင်းအမျိုးသားအရေးကို နိုင်ငံရေးနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ ချင်းညီနောင် ဖွဲ့စည်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်) ဆိုတဲ့ ချင်းညီနောင် တစ်ဖွဲ့ဖွဲ့ကို နိုင်ငံရေးရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း မတော်မတရားကျူးကျော်လာပါက အတူတကွယ် ပူးပေါင်းရင်ဆိုင်သွားမှာ ဖြစ်တယ်လို့ ဒီဇင်ဘာ (၃၀) ရက်နေ့က ပြောပါတယ်။

ချင်းပြည်နယ်ဆိုင်ရာကိစ္စရပ်တွေ၊ ချင်းတမျိုးသားလုံးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ချင်းညီနောင် ဘုံသဘောတူညီချက်နဲ့သာ ပူးပေါင်းပါဝင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *