Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၃၁)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့ အားကစားရုံမှာ ပျော်ပွဲရွှင်ပွဲလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း Fixed Wings Drone တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ (၂၈) ရက် မနက်က စစ်ကောင်စီတပ်တွေ ရေဦးမြို့ ၊ အားကစားရုံမှာ ပျော်ပွဲရွှင်ပွဲလုပ်နေတယ်ဆိုတဲ့ သတင်းကို ရရှိခဲ့လို့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်၊ သေဆုံးကို မသိရသေးပါဘူး။

ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း Fixed Wings Drone ဟာ ရေဦးမြို့အဝင် ရွှေကျီးမင်းဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ (၂၆) ရက် ညနေက တိုက်ခိုက်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *