“ဗမာပြည်အတွက်ကတော့ ဒီဇင်ဘာကာလသည် မိုးလေကင်းလွတ်တဲ့ကာလ ဆောင်းရာသီအဝင် အဲ့ဒါသည် လေယာဉ်ပစ်ကာလလို့ ကျွန်မတို့အမြဲပြောပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံအတွက် မပျော်နိုင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။” လို့ Sisters 2 Sisters တည်ထောင်သူနှင့်ဦးဆောင်အဖွဲ့၀င် သဉ္ဇာရွှန်းလဲ့ရည် က C8 News အင်တာဗျူးမှာ ပြောပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၉) မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကျီးကန်-မှတ်ခရာကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Mytel တာဝါတိုင်ကို ဒီဇင်ဘာ (၁၈) ရက် နေ့လည်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီးPDF ကပြောပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၉) စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လူးမြို့မှာ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်း (၃၀) ကို ရှင်းလင်းနိုင်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကပြောပါတယ်။

read more

ဆမီး၊ ‌ဒီဇင်ဘာ (၁၇) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဆမီးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေလို့ ဒေသခံအားလုံးနီးပါး တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၇) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအကျဉ်းထောင်ကို အသစ်ရောက်ရှိလာတဲ့ ဦးစီးအရာရှိ တင်အောင်ဆန်းဝင်းနဲ့ ဇော်မြင့်ဦး ဟာ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်နေတာတွေကို ကန့်ကွက်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ကပြောပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၆) စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့ကို နယ်မြေရှင်းလင်းရေးလုပ်ချိန် အရာရှိတစ်ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်း (၁၀) လောင်းကျော်ကို တွေ့ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ နေ့လယ်မှာ ပြောပါတယ်။

read more

မူဆယ်၊ ဒီဇင်ဘာ (၁၆) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ၁၀၅ မိုင် ဗျူဟာကုန်းမှာ စစ်ကောင်စီဆီက သိမ်းဆည်းရမိထားတဲ့ တင့်ကားနှစ်စီးကို နောက်ခံထားပြီး ရက္ခိုင့်တပ်တော် AA ရဲ့ အလံလွှင့်တင်ထားတဲ့ပုံကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် က သူရဲ့ twitter လူမှုကွန်ရက်ကတစ်ဆင့် ဒီနေ့ နေ့လယ်မှာ ပြည်သူတွေကို အသိပေးလိုက်ပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၆) မိမိတို့လက်ထဲရောက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ဂုဏ်သိက္ခာရှိခွင့်နဲ့ အသက်ချမ်းသာခွင့် ပေးမယ်လို့ TNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန် ကပြောပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၆) ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

read more

မောင်တော၊ ဒီဇင်ဘာ (၁၆) ရခိုင်ပြည်နယ်၊ မောင်တောမြို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနက ဒုဦးစီးတစ်ယောက်နဲ့ အထက်တန်းစာရေးနှစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ယောက်ကျော်က ရုံးအတွင်း ဝင်ရောက်ပြီး မနေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

read more