ရန်ကုန်၊ဒီဇင်ဘာ(၈) နယ်စပ်ဒေသတွေ၊ တိုင်ရင်းသားဒေသတွေနဲ့ ခုခံတော်လှန်စစ် အင်အားကောင်းတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေမှာ စစ်ရာဇဝတ်မှုတွေ နေ့တိုင်းနီးပါး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျူးလွန်နေပေမယ့် စစ်တပ်က ပြည်သူကိုကာကွယ်စောင့်ရှောက်နေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

read more

ချင်းပြည်နယ်၊ဒီဇင်ဘာ(၃) စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အာဏာရှင် စစ်အုပ်စုတစ်စုရဲ့ အကျိုးစီးပွားကို အသက်နဲ့လဲပြီး ကာကွယ်နေတာကနေ ချက်ချင်းစွန့်လွှတ်ပြီး ပြည်သူ့ရင်ခွင်ကို လက်နက်ချအလင်းဝင်ပါက အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးကို အပြည့်အဝ အာမခံမယ်လို့ ချင်းပြည်နယ် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ Maraland Defense Force (MDF) ကထုတ်ပြန်ထားပါတယ်။

read more

ပဲခူး၊ဒီဇင်ဘာ (၃) ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၉၉) နဲ့ မုန်းမြို့ရဲစခန်းကို KNLA၊ PDF ပူးပေါင်းတပ်တွေက ဒီဇင်ဘာ(၂)ရက်နေ့ညပိုင်းကစတင်ပြီး ဒီနေ့ နေ့လယ်အထိ တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲအပြင်းအထန် ဖြစ်နေတယ်လို့ ဒေသခံတွေက C8 News ကိုပြောပါတယ်။

read more

ထားဝယ်၊ဒီဇင်ဘာ(၃) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီးက တည်ဆောက်နေဆဲ အကျဉ်းထောင်သစ် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ဒီနေ့မနက်က လက်နက်တပ်ဖွဲ့တချို့ ရောက်ရှိလာခဲ့ပြီးနောက် ယန္တရားတွေကို မီးရှို့ဖျက်ဆီးသွားသလို အလုပ်သမား (၆)ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက C8 News ကိုပြောပါတယ်။

read more

မွန်၊ဒီဇင်ဘာ(၃) မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အတွင်းထဲမှာရှိတဲ့ တိုင်းမှူးနေအိမ်နဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်နေအိမ် အပါအဝင် ၄ နေရာကို ဒီဇင်ဘာ ၁ ရက်နေ့ ညနေက ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ (Alpha bats ) နဲ့ မွန်ပြည်နယ်ပကဖ၊ KNDO တပ်ရင်း ၆ တို့ ပူးပေါင်းပြီး Kamikaze drone တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အတွင်းထဲမှာ လျှို့ဝှက်နေထိုင်နေတဲ့ စစ်တိုင်းမှူးနေအိမ်၊ ပြည်နယ်ဝန်ကြီးချုပ်နေအိမ်၊ ရဟတ်ယာဉ်မောင်း ပိုင်းလော့တွေရဲ့ တည်းခိုရိပ်သာနဲ့ မွန်ပြည်နယ် ရဲတပ်ရင်း ၁၅ ရဲတပ်ရင်းမှူးအိမ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီလိုတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်၊ ပျက်စီး သေဆုံးတွေ မသိရသေးပါဘူး။ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊…

read more

ကရင်နီ၊ဒီဇင်ဘာ(၂) စစ်ကောင်စီက စစ်ရာဇဝတ် ကျူးလွန်တာတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၄၄၉ ယောက်၊ ‌စစ်ဘေးရှောင်ရင်း သေဆုံးသူ ၁၄၇ ယောက်နဲ့ တိုက်ပွဲအတွင်း အသက်ပေးခဲ့ကြရသူ ရဲဘော် ၃၉၃ ယောက် စုစုပေါင်း ၉၈၉ ယောက်ရှိတယ်လို့ PKPF သတင်းထုတ်ပြန်ထားပါတယ်။

read more

ကိုးကန့်၊ဒီဇင်ဘာ(၂) MNDAA က စစ်ကောင်စီရဲ့ ကုန်းကြမ်းစခန်း ကို သိမ်းပိုက်နိုင်ခဲ့ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၁၂၅) ၊ စကခ(၁၂ ၊ ၁၆) က တပ်ဖွဲ့ဝင်တချို့ လက်နက်ချအလင်းဝင်လာခဲ့သလို စကခ(၁၆)မှူးအပါအဝင် အကြွင်းအကျန်အဖွဲ့ဝင်တချို့က ထွက်ပြေးသွားတဲ့အတွက် လိုက်လံ ရှင်းလင်းချိန် စစ်သား(၁၀၀)နီးပါးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

read more

ရခိုင်၊ဒီဇင်ဘာ (၂) စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုရဲစခန်းကနေ အနီးဝန်းကျင်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ အတိအကျ ချိန်ထားပြီး ပစ်ခတ်ဖို့စီစဉ်ထားတဲ့ သက်သေအထောက်အထားတွေကို အဲ့ဒီစခန်းက ရရှိတဲ့ဓာတ်ပုံတွေအရ သိရပါတယ်။

read more

အမ်း၊ ဒီဇင်ဘာ (၂) စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တည်ရှိရာ အမ်းမြို့နယ်မှာ မြို့တွင်း အဝင်အထွက် သွားလာခွင့်အတွက် ထောက်ခံစာတစ်စောင်ကို ငွေကျပ်သုံးထောင်ပေးနေရတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂) ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၈) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနဲ့ ၄၁ လမ်းထိပ်မှာ ငွေသိန်းတစ်ထောင်ကျော် လုယက်ဓါးပြတိုက်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေက C8 News ကို ပြောပါတယ်။

read more