Spread the love

ကျောက်ဖြူ၊ ဇန်နဝါရီ (၉)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အရှေ့တောင်ဘက် သစ်ပုတ်တောင်ကျေးရွာ အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ အကြီးဆုံးဖြစ်တဲ့ ဓညဝတီ ရေတပ်စခန်းကို ရက္ခိုင့်တပ်တော်က ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ပြီလို့ သိရပါတယ်။

ကျောက်ဖြူမြို့က ဓညဝတီရေတပ်စခန်းနဲ့ ဒီဇင်ဘာ (၈) ရက် မနက်က နှစ်ဖက်ပစ်ခတ်တာ ဖြစ်ခဲ့လို့ စစ်ကောင်စီရဲ့ ရေတပ်ကလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေရှိခဲ့လို့ ဒေသခံတစ်ယောက်က ပြောပြပါတယ်။

ဓည၀တီ ရေတပ်စခန်းဟာ အရင်က စစ်တွေမြို့မှာ အခြေစိုက်ခဲ့ပေမယ့် ကျောက်ဖြူမှာ တရုတ်စီမံကိန်းတွေ စတင်လာပြီးတော့ ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ဘက်ကို ပြောင်းရွှေ့ အခြေစိုက်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *