Spread the love

ဝါရှင်တန်၊ ဇန်နဝါရီ (၉)

အရှေ့အလယ်ပိုင်းဒေသတခွင် အမေရိကန်တပ်ဖွဲ့ဝင်တွေ ပုံမှန်တိုက်ခိုက်နေပြီး ရေတပ်အနေနဲ့ ပင်လယ်နီထဲမှာ ဟူသီသူပုန်တွေနဲ့ ထိတွေ့ရင်ဆိုင်နေချိန်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်က ဆေးရုံရောက်နေခဲ့ပြီး ဇန်နဝါရီ (၈) ရက်ကတည်းက တာဝန်ကနေ ခေတ္တအနားယူနေခဲ့ပါတယ်။

ပိုဆိုးတာက လွိုက်အော်စတင် အနားယူနေတဲ့ကိစ္စကို အိမ်ဖြူတော်ကနေ ဘယ်သူကမှ ထုတ်မပြောကြတာ ဖြစ်ပါတယ်။ သမ္မတ ဘိုင်ဒန်နဲ့ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျက်ဆူလီဗန် ကလည်း အော်စတင်ကိစ္စ သတိထားမိပုံ မရပါဘူး။ ဇန်နဝါရီ (၁၁) ရက်နေ့အထိ ပင်တဂွန်စစ်ဌာနချုပ်က ဆူလီဗန်ဆီကို အသိပေးတာ မလုပ်မချင်း ဘိုင်ဒန်အစိုးရက ကာကွယ်ရေးဝန်ကြီးဌာနဟာ အတိအလင်း အားနည်းနေမှာ ဖြစ်ပါတယ်။

သူတို့တွေ နိုင်ငံကို ကောင်းမွန်စွာ ဦးဆောင်နိုင်တယ်လို့ ထင်မြင်သူတိုင်း နောက်ပြန်လှည့်ပြီး စဉ်းစားလိုက်ရင် အော်စတင်နဲ့ သူ့လက်ထောက်တွေဟာ ဒီနေရာမှာ တည်ဆဲဥပဒေကို လျစ်လျူရှုရာကျနေပြီး ဆူလီဗန် နှိပ်ရမယ့် အဓိကခလုတ်ကလည်း ရိုးရိုးရှင်းရှင်း အိပ်ပျော်နေတယ်လို့ ပြောရမှာပါ။

လက်ရှိကာလမှာ အမေရိကန်တပ်ဖွဲ့တွေဟာ ပုံမှန်တိုက်ပွဲဝင်နေရတာရှိတုန်းပါ။ ယူကရိန်းနဲ့ အစ္စရေး အမေရိကန်မိတ်ဖက်တွေနဲ့အတူ ရုရှားနဲ့ ဟားမာ့စ်အဖွဲ့နဲ့ သွယ်ဝိုက်ပြီး စစ်ဖြစ်နေတုန်း ဖြစ်ပါတယ်။

ဇန်နဝါရီ (၁၂) ရက်နေ့အထိ အစိုးရဟာ လူထုကို အော်စတင်ကိစ္စ ထုတ်မပြောဘဲ သတင်းအမှောင်ချထားဦးမှာ ဖြစ်ပါတဘ်။
အဲဒီအတောအတွင်း အော်စတင် ဆေးရုံတက်ပြီး ကုသမှုခံယူနေရချိန်မှာ နောက်ထပ်အံ့အားသင့်စရာတစ်ခုက လက်ထောက်ကာကွယ်ရေးဝန်ကြီး ကိတ်လင်းဟစ်ခ်စ် (Kathleen Hicks) က Puerto Rico ဒေသမှာ သူ့ရဲ့ အားလပ်ရက်အပန်းဖြေခရီးထွက်နေတာ ဖြစ်ပါတယ်။

အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဘိုင်ဒန်ဟာ ဇန်နဝါရီ (၉) ရက်မှာ ကာရေဘီယံဒေသကနေ အားလပ်ရက်အနားယူနေရာက ပြန်လာခဲ့ပြီး “ထရမ့်ကြောင့် မိမိတို့ဒီမိုကရေစီ အန္တရာယ်ရှိနေကြောင်း” ပြောကြားဖို့ ဇန်နဝါရီ (၁၂) ရက် မဲဆွယ်စည်းရုံးရေးမိန့်ခွန်းအတွက် ပြင်ဆင်ဖို့ အာရုံစိုက်နေတယ်လို့ ယူဆရပါတယ်။

ဒါတွေအားလုံးဟာ ဒီမိုကရေစီနဲ့ နိုင်ငံခြားရေး ခြိမ်းခြောက်မှုတွေကို သမ္မတအနေနဲ့ စစ်ဆေးဖို့ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီးဆီကို ဖုန်းခေါ်ဖို့ အချိန်မကျန်တော့တာ ထင်ရှားပါတယ်။

ပြောရမယ်ဆိုရင် ဆူလီဗန်ဟာ ဟားမာ့စ်အဖွဲ့ရဲ့ အောက်တိုဘာ (၇) ရက် တိုက်ခိုက်တာ မဖြစ်ခင်ကာလတွေတုန်းက ဘိုင်ဒန် ဦးဆောင်ပြီး အရှေ့အလယ်ပိုင်း လုံခြုံရေးနဲ့ပတ်သက်လို့ အရှင်မွေးလို့ နေ့ချင်းကြီးတဲ့ အလုပ်သင်တစ်ယောက်အဆင့်ပဲ ရှိပါသေးတယ်။

မူရင်းသတင်းလင့်စ်- https://c8newsmm.com/2024/01/09/the-minister-of-defense-is-missing-from-work/

Leave a Reply

Your email address will not be published. Required fields are marked *