Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၃)

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာနဲ့ ကျွန်းကုန်းကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ဆိုင်ကယ်ယာဉ်တန်းကို နှစ်ရက်ဆက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၇) ယောက်ထက် မနည်းသေဆုံးခဲ့တယ်လို့ သာယာ၀တီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ပြောပါတယ်။

သာယာ၀တီခရိုင်၊ ကျွန်းကုန်းကျေးရွာကို မနေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ကို အသင့်စောင့်ကြို တိုက်ခိုက်ခဲ့လို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တာဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က (၇) ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာကို ဇန်နဝါရီ (၁၀) ရက်နေ့က တက်လာတဲ့ စစ်ကောင်စီရဲ့ ဆိုင်ကယ် (၁၆) စီး ယာဉ်တန်းကိုလည်း စောင့်ကြိုမိုင်းဆွဲတိုက်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က ထိခိုက်၊ သေဆုံးကို မသိရသေးဘူးလို့ သာယာ၀တီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *