Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၄)

ပြည်သူ့စစ်သင်တန်းတက်ဖို့ လူစုခဲ့တဲ့ စစ်ကောင်စီအဖွဲ့ကို မနေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရိုးမနဂါးတပ်ဖွဲ့ ကပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကမ်းနီကျေးရွာနဲ့ ဆင်တဲကုန်းကျေးရွာက ပြည်သူတွေကို ပြည်သူ့စစ်သင်တန်းတက်ဖို့ လူစုနေချိန် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ (၃၀) ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့လို့ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး PDF ဘက် တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရိုးမနဂါးတပ်ဖွဲ့ ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *